Summary
ဂျယ်ဟျွန်းဆိုတဲ့ အင်ယာကျောင်းသားလေးက သူ့အဖေနောက်အိမ်ထောင်ကပါလာတာတဲ့ မမ ရှင်းမီရယ်ကို ငယ်ငယ်ကတည်းက သဘောကျခဲ့တာဖြစ်ပြီး သူမက သူ့ရဲ့အချစ်ဦးဖြစ်ခဲ့ပါတယ်။ အချစ်ဦးကိုမေ့အောင် တက္ကသိုလ်မှာ တစ်ယောက်ပြီးတစ်ယောက်တွဲခဲ့ပေမဲ့လည်း မေ့မရနိုင် နွားကြီးအလားဖြစ်နေဆဲပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ အကြောင်းတိုက်ဆိုင်ချင်တော့ သူ့မမက သူ့ဆီကို ခဏတာ လာနေပါတော့တယ်။ ဒီလိုနဲ့ တစ်အိမ်တည်း အတူနေရတော့မယ့်အခါမှာတော့ အရင်ကတည်း ချုပ်တည်းထားလာရတဲ့ ခံစားချက်တွေကို ဆက်ပြီး မျိုသိပ်ထားနိုင်ပါ့မလား… ဖွင့်ဟသွားလေမလား? သူ့မမကရော သူ့ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုလေပါ့မလားဆိုတာ…