Summary
ဂျေဟျန်းက အထက်တန်းမှာ အနိုင်ကျင့်လူတစ်စုကြောင့် သူ့သူငယ်ချင်းရော မိဘတွေကိုပါ ဆုံးရှုံးခဲ့ရပြီး ချောက်တွန်းခံလိုက်ရတာကြောင့် ထောင်ပါ ကျသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ထောင်ကထွက်တဲ့တစ်နေ့ ကျိန်းသေပေါက် လက်စားချေမယ်လို့ ကြံစည်ရင်း အမုန်းတွေကို မြိုသိပ်ထားခဲ့ပါတယ်။ ထောင်ကထွက်ထွက်ချင်းနေ့မှာပဲ ကြံစည်ထားသလို သူ့ကို အနိုင်ကျင့်ခဲ့တဲ့ အကောင်ကြီးကြီးသူဌေးသားကို ကားမတော်တဆမှုဖြစ်အောင် ကြံလိုက်ပါတော့တယ်။ ဒါပေမဲ့လည်း ဖြစ်ချင်တော့ အဲ့မအေဘေးက မသေသွားဘဲ အတိတ်မေ့ကာ mc ကို မေ့သွားပြီး သူ့ကယ်တင်ရှင်အဖြစ် အထင်မှားသွားတဲ့အခါမှာတော့… ဂျေဟျန်းတစ်ယောက် တစ်ချိန်က သူ့ကို အနိုင်ကျင့်ခဲ့တဲ့ ချန်ဆန်းကို အသုံးချကာ တခြားအနိုင့်ကျင့်ခဲ့တဲ့သူတွေကို ဘယ်လို သေခြင်းထက် ဆိုးဝါးတဲ့အရာတွေနဲ့ လက်စားချေသွားမလဲဆိုတာ…