Summary
နမ်ဒိုဟွန်းဆိုတဲ့ သက်လတ်ပိုင်းအရွယ် ဘဲကြီးက ရပ်ကွက်တကာ လှည့်ပြီး သူ့ဂိုဏ်းရဲ့ အကြွေးတွေကောက်ပေးနေရသူပါ။ တစ်ရက် သူ့ကြိုးစားမှုတွေကို အသိအမှတ်ပြုခံလိုက်ရပြီး ကိုယ်ပိုင်စီးပွားရေးလေး လုပ်ခွင့်ရခဲ့ပြီးတော့ ချစ်ရတဲ့ကောင်မလေးရပါ ရရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ တစ်နေ့မှာ သူ့ကောင်မလေးနဲ့ သူဌေးက ဖောက်ပြန်ပြီး ဒိုဟွန်းကို အကောက်ကြံကာ ပင်လယ်ထဲ ပစ်ချလိုက်ပါတော့တယ်… သို့သော် ကံကြမ္မာအလှည့်အပြောင်းကြောင့် ပြန်လည် သတိရလာတဲ့အချိန်မှာ သူ့သူဌေးရဲ့ မွေးစားသား ဒိုဘေးရဲ့ကိုယ်ထဲ ရောက်နေမှန်း သိသွားတဲ့အချိန်မှာတော့… ဒုတိယအခွင့်အရေးရလာတဲ့ mc တစ်ယောက် ဘယ်လိုအကွက်တွေသုံးပြီး သူ့သူဌေးကို ပြန်အကောက်ကြံသွားမလဲ… သူ့သူဌေး သူ့ကို လုပ်ခဲ့သလိုမျိုး သူဌေးဘေးနားက လူယုံတွေကို ဘယ်လိုတွေ သိမ်းသွင်းသွားမလဲဆိုတာ…