Summary
အူးယူလို့ခေါ်တဲ့ဆယ်ကျော်သက်ကောင်လေးဟာ မိဘတွေကွာရှင်းထားကြပြီး အမေဖြစ်သူက ထားသွား အဖေဖြစ်သူကလည်း ပိုက်ဆံရှိပေမဲ့ ဂရုမစိုက်ဘဲ အိမ်ကြီးတစ်လုံး ပိုက်ဆံတစ်ထပ်နဲ့ ပစ်ထားခြင်းကို ခံထားရသူပါ။ အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေရင်း အထီးကျန်ကာ ပိုက်ဆံရှိသလောက် ဘယ်အရာမဆို ဝယ်နိုင်ပေမယ့် ပျော်ရွှင််မှုဆိုတာ ဝယ်မရကြောင်းသိလာရတဲ့အခါမှာတော့ အူးယူတစ်ယောက် သူ့လို အိမ်ပြေးလေးတွေနဲ့ ကိုယ်ပိုင်မိသားစုလေး ထူထောင်ဖို့ စဉ်းစားလိုက်ပါတော့တယ်။ သာမန်လူတွေလိုမျိုး မိန်းမယူပြီး ကလေးမွေး မိသားစုထူထောင်တာမျိုးမဟုတ်ဘဲ အခက်အခဲဖြစ်နေတဲ့ လူတွေကို အိမ်မှာနေထိုင်ခွင့်ပေးပြီး ဝေစားမျှစားနဲ့ အချင်းချင်းစားတဲ့အခါမှာတော့ သူစိမ်းတွေနဲ အူးယူတစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာ…